ပုဂံခရီးသည် [ပါရဂူ]

ပါရဂူ

ပုဂံခရီးသည် [ပါရဂူ]

15000 MMK
Out of stock
Publisher
ISBN
Pages
338
Wishlist View cart

ဤ“ပုဂံခရီးသည်”စာအုပ်၌ ပုဂံစေတီပုထိုးများနှင့် ပတ်သက်သည့် ဒဏ္ဍာရီစကားများကိုလည်း ချွင်းချန်မထားပေ။ သမိုင်း သုတေသီများ၏ သုတေသနပြုချက်များကိုလည်း လျစ်လျူရှုမထားပေ။ ဤ “ပုဂံခရီးသည်”သည် သမိုင်းသုတေသီတို့၏ လေးလေးနက်နက် သုတေသနပြုချက်များနှင့် ရှေးဟောင်း သမိုင်း ဆရာတချို့၏ ပေါ့ပျက်ပျက် ဒဏ္ဍာရီစကားများကို ရောမွှေပြီး ဟင်းလေးကျိုထားသော စာအုပ်ဖြစ်သည်။

ယခင်က ရှိပြီးစာအုပ်များ၏ ရေးနည်း ရေးဟန်မှ လမ်းခွဲလျက် ပုဂံသို့ ခရီးအခေါက်ခေါက် သွားဖူးသော ပုဂံ ခရီးသည်၏ ပုဂံခရီးအတွေ့အကြုံကို ပုံဖော်ထားခြင်းဖြစ်သည်။ ပုဂံခရီး သည်သည် သူ၏ပုဂံခရီး အတွေ့အကြုံကို ပုံဖော်ရာ၌ သူ၏ရှေ့မှောက် တွင် ယခင့်ယခင်က ရှိနှင့်ပြီးဖြစ်နေသော မြန်မာ့ရှေးဟောင်းသမိုင်းစာအုပ် များကိုလည်းကောင်း၊ ပုဂံသမိုင်းစာအုပ်များနှင့် ပုဂံစေတီပုထိုးသမိုင်း စာ အုပ်များကိုလည်းကောင်း ဖွင့်ထားသည်။

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.